မြို့သစ် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ကျောင်းသားအားကစားပွဲတော်၌ ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲများ၏ ပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာကျောင်းများမှ အသက် ၁၈ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ပြေးခုန်ပစ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ စားပွဲတင်တင်းနစ်စသည့် ကစားနည်းများကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ အမျိုးသား/ အမျိုးသမီး ပါဝင်ယှဥ်ပြိုင်စေ၍ ပြိုင်ပွဲတွင်ရွေးချယ်ခံရသူများအား ခရိုင်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲသို့ စေလွှတ်၍ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စောစောနွယ်ထံက သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)