ဟုမ္မလင်း နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အကြိုအဖြစ် မိသားစု နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် (၈)နာရီအချိန်က ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ထမ်း မိသားစုများက ထုပ်စည်းထိုးပြိင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂိုးကျဥ်းကန် တစ်ဦး ၅ ကြိမ် တစ်ဂိုး ၁၀၀၀၊ ဖယောင်းတိုင်မီးထွန်းပြေးပြိုင်ပွဲ၊ သံပုံးရိုက်၊ ဂွယ်အိတ်စွပ်၊ ဇကောရွက်အားကစား (၇)မျိုး အသီးသီးယှဥ်ပြိုင်ကစားကြမည်ဖြင့်ပြီး ဆုရရှိသူများကို နိုဝင်ဘာလ (၇)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)