ကျွန်းလှ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသောက်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက ကျွန်းလှမြို့ စုပေါင်းရုံး၌ ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ပြီး ဝန်ထမ်းတစ်ဦးလျှင် ဆီတစ်ပိဿာကို ငွေကျပ် ၅၂၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေသခံပြည်သူများအား မြို့ပေါ်ဈေးများတွင် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သားကို တစ်ပိဿာ ၅၂၀၀ ဈေးဖြင့် ဈေးနှုန်း ချိုသာစွာ လက်ဝယ်အရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ