ကန့်ဘလူ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပ ပေါက်စျေးထက်လျှော့ချကာ ဆက်လက်ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ပြည်သူများ စနစ်တကျ အလွယ်တကူဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကုန်သည်များနှင့် ပူးပေါက်းကာ လာရောက်ဝယ်ယူသူ ပြည်သူများအား စားသုံးဆီ ၅၀ ကျပ်သားကို ၂၆၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး လူဦးရေ ၁၅၉၀ အတွက် စားသုံးဆီ ၇၉၅ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်
ထို့ပြင် အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူ ရောဂါဝေဒနာရှင်များအား လိုအပ်သည့် ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)