ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာ၌ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

ပွင့်ဖြူ      နိုဝင်ဘာ      ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာရှိ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ပန်းခင်းစီမံချက်(၂)ဖြင့် အခမဲ့ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူးက ကျေးရွာနေပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်အား မပျောက်ပျက်အောင်စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်း များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာ၌ ယူဆောင်လာရမည့် အထောက်အထားများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ညောင်ခြုံကျေးရွာရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရန် လာရောက်ကြသည့် ဒေသခံပြည်သူများကို အထောက်အထားများ စိစစ်၍ ပန်းခင်းစီမံချက်(၂) ဖြင့် စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်း ရှိ  ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရန်အတွက် ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား အသစ်ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အသစ်/ အဟောင်း လဲလှယ်လိုသူများအား ပြုလုပ်ပေးခြင်းတို့အပြင် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးနိုင်ရေးအတွက် e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )