ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများ ကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ နောက်ဆုံးအဆင့်လူရွေးချယ်ပွဲအား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက Grade - 5က (၆၆)ဦး၊ Grade - 6 က (၃၀)ဦး၊ Grade- 7 က (12)ဦး၊ Grade - 8 က (၂၆)ဦးနှင့် Grade - 9 က (၃)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၇၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အား လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စတင်၍ တာဝန်ရှိဆရာ/ဆရာမများက  အကဲဖြတ် စစ်ဆေးလျက်ရှိပြီး ယင်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည်မီသူများကို တိုင်း​ဒေသကြီးအဆင့်သို့  သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေဇာလင်း