မိုင်းခတ်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်ကောင်ရေ သိရှိနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထို့သို့ကောက်ယူရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုင်းခတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်ဝင်းမောင်နှင့် ရပ်ကွက်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ခု၊ ကျေးရွာ  ၄၈ ရွာမှ တိရစ္ဆာန်ကောင်ရေ စာရင်းမှန်ကန်မှုရှိစေရေးအတွက် တိရစ္ဆာန်ကောင်ရေစာရင်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)