ကသာ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲများ ပြုလုပ်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းနာယကကြီး ဦးချစ်မြိုင်(ကသာသင်းမွှေး)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင် (ကိုဘကသာ)က စာဆိုတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
တက်ရောက်လာကြသော စာရေးဆရာများက ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ တစ်ဦးချင်း အကြံပြုဆွေးနွေးကြသည်။ ဆွေးနွေးချက်များအပေါ် မြို့နယ်စာရေးဆရာအသင်းနာယကကြီးနှင့် ဥက္ကဋ္ဌတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး နံနက်(၁၁)နာရီအချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ကသာမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ စာရေးဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)