ဒိုက်ဦး နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာ တောင်သူ အသိပညာပေးစခန်း၌ နိုဝင်ဘာလ ၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား ပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်လေးပင်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးညှိနိူင်းမှုကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး နောက်ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီ ဥက္ကဋ္ဌဦးကျော်ဆန်းဦး ကဆီထွက်သီးနှံအပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးပါသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်က ဆီထွက်သီးနှံစိုက်ပျိုးရေးကိစ္စဆွေးနွေးပြီး မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်းရှင်ဦးဝင်းနိုင် (ရွှေသီးအောင်စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ရေး)မှ ဦးဆောင်ကာ တောင်သူများမှ ဆွေးနွေးမေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ညောင်လေးပင်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ၊ စိုက်ပျိုးရေးစိတ်ဝင်စားသည့် ပြည်သူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)