ကျွန်းလှ၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲ၌ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ ကြီးကြပ်ပြီး အ‌ခြေခံပညာကျောင်းပေါင်း (၁၉) ကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့်  အင်္ဂလိပ်စာ ပြိုင်ပွဲတွင် ၆၀ ဦး၊ သင်္ချာပြိုင်ပွဲတွင် ၇၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ