မြန်အောင် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဇွန်းခုံ ကျေးရွာအုပ်စု ကုန်းတလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်း ဆောင်ရွက်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ လိုက်နာရေး၊ ကျေးရွာလမ်းများ ကောင်းမွန်သန့်ရှင်းသာယာလှပရေး၊ ခြင်နှင့်ယင်ကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားမှုမရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်၍ ကျေးရွာပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်အောင် (ပြန်/ဆက်)