ကြံခင်းမြို့နယ် (အ.ထ.က-၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့၊ (အ.ထ.က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အနာဂတ်ကျောင်းသား/သူများ ဖြစ်လာစေ‌ရန်ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး(၇)မျိုးအား ရှင်းလင်းပြောကြားပါသည်။

ထိုနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်(တာဝန်ခံ)ဦးကျော်နိုင်ဝင်း စားသုံးရန်မသင့်သော အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ (Book Club)အဖွဲ့ဝင် ကဗျာဆရာမအမွန် (ကြံခင်း)က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ကြံခင်းမြို့ (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)