သဲကုန်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေစွမ်းရည် မြှင့်မားရေးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်အတွက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကိုကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းများမှ Grade-6၊ Grade-7၊ Grade-8 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများက အတန်းအလိုက် အင်္ဂလိပ်စာ စာစီစာကုံးများကို ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အပြင် အဆိုပါအတန်းရှိ ကျောင်းသား၊ ကျောင်းသူများက သင်္ချာစွမ်းရည်ပြိုင်ပွဲများကိုလည်း ဆက်လက်ဝင်ရောက် ဖြေဆိုသွားမည်လည်း ဖြစ်သည်။
ပြိုင်ပွဲတွင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်း (၁၈) ကျောင်းတို့မှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့်မှ (၅၄) ဦး၊ အလယ်တန်းအဆင့်မှ (၆၂)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့်မှ (၄၇) ဦး၊ အလယ်တန်းအဆင့်မှ (၁၀၀) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၆၃ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကျော်(ပြန်/ဆက်)