ကြံခင်းမြို့တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ကြံခင်း နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  မြို့နယ်ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ၏ ဉာဏ်ရည်/ဉာဏ်သွေးထက်မြတ်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲမစတင်မှီ မြို့နယ်ပညာရေးမှူးဦးဇေမင်းထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာကြီး၊ဆရာမကြီးများနှင့်တွေ့ဆုံပြီး မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများ၏ အဖြေလွှာစစ်ဆေးရာတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့် စနစ်တကျ စစ်ဆေးရန်၊ တိုင်းဒေသကြီး အဆင့်ဖြေဆိုရန်ရွေးချယ်သော ကျောင်းသား/သူများ အရည်အချင်း ပြည့်သူများဖြစ်စေရန်၊ ရွေးချယ်ရမည့် အရေအတွက်နှင့်အချိန်ဇယားများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲစတင်ကျင်းပရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် ဝင်ရောက်ဖြေဆိုကြမည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade(5)မှ Grade(9)ထိ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် (၄၆)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၅၇)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး  ဖြေဆို အောင်မြင်သော ကျောင်းသား/သူများကို တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)