စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ နိုဝင်ဘာ ၅

(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းတွင်  စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ် ၄ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၇၈)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းနေမှုများနှင့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိ ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးကာ ဝန်ထမ်းများနှင့်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများသင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလိူင်က အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝန်းအတွင်း အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား ဓာတုဗေဒ၊ ရူပဗေဒနှင့်ဇီဝဗေဒဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေး သင်ကြားနေမှုများအားလိုက် လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အိုးဘိုးတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ဖွားနိုင် သည့် ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများသို့ စားသုံးဆီများအား သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင် သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၆၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                             

တိုင်းဒေသကြီး(ပြန်/ဆက်)