ကသာ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းတွင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ရေးဖြေစာမေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ နေ့လည်ပိုင်းတွင် အင်္ဂလိပ်စာနှုတ်ဖြေစာမေးပွဲကို မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကသာမြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး ကျင်းပပြီး မူလတန်းအဆင့်/အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (GRADE-5)မှ (GRADE-9) အထိ ကျောင်းသား/ကျောင်းသူ (၆၅)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (GRADE-5)မှ (GRADE-9)အထိ ကျောင်းသား/ ကျောင်းသူ (၆၆)ဦး စုစုပေါင်း (၁၃၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများထဲမှ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ထူးချွန်သူများကိုရွေးချယ်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲရင့်ကျော်ထံမှ သိရသည်။
ကျော်စွာထွန်း(ကသာ)