ပုဗ္ဗသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်-၂ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ပုဗ္ဗသီရိ နိုဝင်ဘာ ၄

ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ အ.ထ.ကစာသင်‌ကျောင်းအတွင်းရှိ စာကြည့်တိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဒေါ်ခိုင်နီဦးပါ (၂) ဦးတို့က  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ပန်းခင်းစီမံချက်-၂ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာရှိ မှတ်ပုံတင်မရှိသူ  ကျား (၁၉) ဦး၊ မ (၁၈) ဦး စုစုပေါင်း (၃၇) ဦးတို့အား မှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)