ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့်သွေးလှူဒါန်းပွဲသို့ တက်ရောက်ကာ ထောက်

ဟားခါး နိုဝင်ဘာလ ၄

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန်နှင့် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်ဖြစ်စေရန် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက်ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဟာမှူးတို့က ကြည့်ရှုအားပေးကြသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနားကို ဟားခါးပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သွေးလှူဒါန်းသည့်ဝန်ထမ်း (၁၈) ဦးအား အာဟာဖြည့်အစားအစာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ဟားခါးပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး မိုးဟိန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရားဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် စစ်ဗျူဟာအခြေချ ( ဟားခါး )မှ စစ်ဗျူူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်တို့က လူနာများအား  တစ်ဦးခြင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက် )