ပေါက်ခေါင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်ခရိုင် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ် အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်မြို့နယ်တည် ဆောက်ရေးနှင့်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် သေမသောက်ကျေးရွာတွင် ပညာရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ငွေလုံးငွေရင်းဖြင့် ROYANMOND ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်နေ့သည့် ၉၀'×၃၀' Steel Structure တစ်ထပ်ဆောင်ဆောက်လုပ်နေမှု၊ ဆင်ဖြူကန်ကျေးရွာ တောင်သူဦးဝင်းကျော်နှင့် ဦးချိုနိုင်တို့၏ လယ်မြေ ၁၀ ဧကတွင် မိုးစပါးအောင်မြင်ဖြစ်ထွန်းမှု၊ စောကဲရွာတောင်သူဦးဘိုဝင်း၏ ဝါ ၁၅ ဧကနှင့် ချောင်းကျိုးရွာ တောင်သူဦးထွန်းထွန်းဦး၏ ဝါ ၁၀ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေဖြင့် ဟိန်းတေဇကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဂွေးပင်ခုန်ကျေးရွာကုန်ထုတ်လမ်း (၃၆၀၀'×၁၂'×၉') ဆောင်ရွက်ပြီးသည့်အခြေအနေနှင့် ကျေးလက်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ငှက်တော်ဦးကျေးရွာ ကျောက်ချောလမ်း (၁ မိုင် ၁ ဖာလုံ) လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)