ဒေးဒရဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက Grade-5 မှ (၆၆) ဦး၊ Grade-6 မှ (၃၀) ဦး၊ Grade-7 မှ (12) ဦး၊ Grade-8 မှ (၂၆) ဦးနှင့် Grade-9 မှ (၃၆) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အား လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် တာဝန်ရှိ ဆရာ၊ ဆရာမများမှ အကဲဖြတ်စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည်မီသူများကို တိုင်းဒေသကြီးအဆင့်သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေဇာလင်း