စလင်း နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် (၁၈) နှစ်အောက် အခြေခံပညာအဆင့်ကျောင်းများ အားကစားပြိုင်ပွဲအတွက် မင်းဘူးခရိုင်အဆင့် သွားရောက်ယှဥ်ပြိုင်ရန် စလင်းမြို့နယ်အဆင့် လူရွေးချယ်ပွဲများကို (ဇုံ ၅ ဇုံခွဲ၍) ယှဥ်ပြိုင် ကစားကြရာ ယနေ့နံနက် (၈) နာရီအချိန်က ဗိုလ်လုပွဲအဖြစ် အထက (၁) အသင်းနှင့် လင်းဇင်း အထကတို့ ယှဥ်ပြိုင်ကစားကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရာဇာထက်က အားကစားပြိုင်ပွဲမစတင်မီ အားကစားသမားများနှင့်တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားရာတွင် လူရွေးချယ်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စည်းကမ်းတကျ သန့်ရှင်းစွာကြိုးစားကစားကြရန် မှာကြားခဲ့သည်။ လူရွေးချယ်ပွဲများကို နိုဝင်ဘာ(၁)ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းအဆင့်ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ကြပြီး စလင်းမြို့နယ် ကျောင်းသားအားကစားအတွက် လက်ရွေးစင်ရွေးချယ်ရေးကော်မတီ၏ ကြီးကြပ်မှုများဖြင့် ဘောလုံးအားကစားတွင် ကျား/မခွဲ၍ တပ်တွင်းအထကဇုံ၊ စလင်းအထက (၁)ဇုံ၊ လင်းဇင်းဇုံ၊ တညောင်ဇုံ၊ ဆင်ဖြူကျွန်းအထကဇုံ၊ သရက်တောဇုံဟု အသင်းများ အုပ်စုခွဲ၍ စားကြရာ နောက်ဆုံးဗိုလ်လုပွဲအဆင့်တွင် စလင်းအထက (၁) ဇုံအသင်းနှင့် လင်းဇင်းအထကဇုံ အသင်းတို့ယှဥ်ပြိုင်ကစားကြရာ လင်းဇင်းအထကဇုံအသင်းမှ (၅)ဂိုး(၄)ဂိုး ဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်၊ မြို့နယ်အဆင့်လက်ရွေးစင်ရွေးချယ်ခံရသော ကျောင်းသား/သူများသည် မင်းဘူး ခရိုင်၌ ခရိုင်အဆင့်သွားရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရပါက ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ကစားကြရမည် ဖြစ်ကြောင်းသိရသည်။
(မောင်လွင်)စလင်း