ဘိုကလေး နိုဝင်ဘာ ၄
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အနိုင်မခံ အရှုံးမပေးဇွဲလုံ့လရှိစေရေး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရေးရည်ရွယ်လျက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် Bogalay Badminton Club & Pioneer Badminton Club တို့ ပူးပေါင်းကျင်းပသော ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဖိတ်ခေါ်ကြက်တောင်ရိုက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းမှ အားကစားသမားများအား နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဖြစ် ဖြစ်ပေါ်လာနိုင်ရေးအထိ အစဉ်တစိုက်ဆက်လက် ကြိုးစားအားထုတ်ယှဉ်ပြိုင်သွားကြရန်မှာကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဘိုကလေးမြို့နယ်အပါအဝင် မြို့နယ် (၁၀) မြို့နယ်မှ (ကြက်တောင်ကလပ် အသင်း (၁၀) သင်းဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကစားသမား စုစုပေါင်း (၆၀) ဦးတို့ မှ ယနေ့နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ (၇) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီအချိန်မှစ၍ တစ်နေ့လျှင် အနည်းဆုံးပြိုင်ပွဲ (၃၀) ခန့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး နိုဝင်ဘာလ (၇) ရက်နေ့တွင် နောက်ဆုံး (Final) ပွဲစဉ်ကို ယှဉ်ပြိုင်ကာ အနိုင်ရရှိသူ ကစားသမားများအား ဆုချီးမြှင့်ပွဲအစီအစဉ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)