သရက်ချောင်းမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပသည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က တိုင်းရင်းဆေးဝါး ဝယ်ယူသုံးစွဲသူများသိကောင်းစရာအချက်များ၊ တိုင်းရင်းဆေးဝါးဥပဒေအရ တားမြစ်ချက်များ၊ သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးဝါးများ​၊ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များစသည့် ကျန်းမာစေကြောင်းနည်းလမ်းကောင်းများကို အကျယ်တဝင့်ရှင်းလင်းဟောပြောကြားခဲ့ပြီး ကျန်းမာစေကြောင်း နည်းလမ်းကောင်းလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

 နန်းခလိုက်(သရက်ချောင်း)