ပန်းတောင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ဌာနဆိုင်ရာ ဝန်ထမ်းများ လုံခြုံရေးနှင့်ပတ်သက်၍ သွားလာမှုများအထူးဂရုစိုက်ကြရန်၊ မြို့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပရေးအတွက် သန့်ရှင်းရေးများပြုလုပ်ကြရန်၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် မီးသတ်ဆေးဗူးများ အသစ်လဲလှယ် ထားရှိကြရန် ပြောကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဌာနအလိုက် ဆောက်ရွက်ကြသည့် လုပ်ငန်းများအား တိကျသေချာစွာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာအသီးအသီးများမှ အကြီးအကဲများက မိမိတို့ဌာနနှင့်ပတ်သက်သည့်အခက်အခဲများ၊ လုပ်ငန်းစဥ်များအား တစ်ဦးချင်းတင်ပြဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၅၅)ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)