ကဝမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် မြို့နယ်အဆင့် လူရွေးပွဲပြုလုပ်

ကဝ နိုဝင်ဘာ ၄

ပဲခူးဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် အရည် အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် အားကစားလေ့​ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့် အခြေခံ ပညာကျောင်းပေါင်းစုံ ပဏာမလူရွေးချယ်ပွဲကို ယနေ့ နံနက် ၇ နာရီအချိန်မှစ၍ အ.ထ.က (ကဝ)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ သည်။

လူရွေးပွဲတွင် မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်အောက် အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများက ​ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်စသည့် အားကစားနည်းများဖြင့် ယှဉ်ပြိုင်လျက်ရှိရာ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊​ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစား နည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည်၊ ခရိုင်အဆင့်တွင်​ထပ်မံရွေးချယ်ခံပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)