အိမ်မဲမြို့တွင် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံး ဖွင့်ပွဲ ကျင်းပ

အိမ်မဲ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးဖွင့်ပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီတွင် အထက်ပိုင်းရပ်ကွက်ရှိ Happy ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပရာ အသင်း (A) နှင့် အသင်း (C)တို့ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း (၅)သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ဆုရရှိသည့် အသင်အား (၃၅)ကြိမ် မြောက်ထွေ/အုပ် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

 ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)