ပေါက်ခေါင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင် တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ် တည်ဆောက်ရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း တည်ဆောက် ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်း မြို့နယ် သေမသောက်ကျေးရွာတွင် ပညာရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်ငွေလုံးငွေရင်းဖြင့် ROYANMOND ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေ သည့် ၉၀' × ၃၀' Steel Structure တစ်ထပ်ဆောင် ဆောက်လုပ်နေမှု၊ ဆင်ဖြူကန်ကျေးရွာ တောင်သူဦးဝင်းကျော်နှင့် ဦးချိုနိုင်တို့၏ လယ်မြေ ၁၀ ဧကတွင် မိုးစပါးအောင်မြင်ဖြစ်ထွန်းမှု၊ စောကဲရွာတောင်သူ ဦးဘိုဝင်း၏ ဝါ ၁၅ ဧကနှင့် ချောင်းကျိုးရွာတောင်သူ ဦးထွန်းထွန်းဦး၏ ဝါ ၁၀ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေဖြင့် ဟိန်းတေဇကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဂွေးပင်ခုန် ကျေးရွာ ကုန်ထုတ်လမ်း (၃၆၀၀'×၁၂'×၉') ဆောင်ရွက်ပြီးသည့် အခြေအနေနှင့် ကျေးလက်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ငှက်တော်ဦးကျေးရွာ ကျောက်ချောလမ်း (၁ မိုင် ၁ ဖာလုံ) လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)