အထက်မင်းလှ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိအဖွဲ့မှ ယမန်နေ့ နံနက်(၁၁)နာရီခွဲက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ဖောက်လုပ်ခြင်း မြို့ရေပေးရေးဝန်းအတွင်း၌ ရေစုကန်တည်ဆောက်ခြင်း၊ မြောက်ရပ်ကွက်၌ ပန်းခြံသစ်တည်ဆောက်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)