သရက် နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင် ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ် ဒေါက်တာ ညွန့်ရွှေအောင်က ကျောက်ကပ်သွေးသန့်စင်ဌာနတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင် ရန် စီမံထားရှိမှုများအား တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန် (ဆေးပညာ) ဒေါက်တာ ရဲကျော်မိုးက သွေးသန့်စင်ဌာနတွင် ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းသူနာပြု ဒေါ်ဝေဖြာအောင်က လုပ်ငန်းအတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပေးခဲ့ကာ တက်ရောက်လာသည့် ဦးစီးကော်မတီဝင်များက အကြံပြုဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)