မင်းဘူး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဘုရာပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို ဝိုင်းဝန်းကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းအချိန်၌ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသာ အရေးပေါ် သွေးလိုအပ်သည့် လူနာများ အဆင်ပြေချောမွေ့စေရေးအတွက် မင်းဘူးခရိုင်/မြို့နယ် ထွေ/အုပ် ဝန်ထမ်း များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် A ၊ B ၊ O နှင့် AB သွေးအမျိုး အစားများကို စုပေါင်းလှူဒါန်းခဲ့ကြပြီးနောက် သွေးလှူဒါန်းပေးခဲ့ကြသည့် ဝန်ထမ်းများအား မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အစားအသောက်၊ ဆေးဝါးနှင့် အားဖြည့်အာဟာရ ဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။