ကန်ကြီးထောင့်မြို့နယ်တွင် (၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ကန်ကြီးထောင့်  နိုဝင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် ဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အကြို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် အမျိုး သားပိုက်ကျော်ခြင်းပြိုင်ပွဲအား ကျင်းပရာ အုပ်စု(က)မှ အလောင်းဘုရားအသင်းနှင့် အ‌နော်ရထာအသင်းတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၉) သင်းဖြင့် ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ဆုရရှိသည့် အသင်အား (၃၅) ကြိမ်မြောက် ထွေ/အုပ် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)