ဖလမ်း နိုဝင်ဘာ ၄
ချင်းပြည်နယ်၊ဖလမ်းမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊စာပေဖတ်ရှုသည့် အလေ့အထရရှိခြင်းဖြင့်အသိပညာဗဟုသုတတိုးပွားရေး၊မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်လျက် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဖါရ်ထောက်ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
ဟောပြာပွဲတွင် ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဉီးစီးအရာရှိ ဦးစီးအရာရှိ ဦးဟရန်အဲရ်က ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးရှောင်ကြဉ်ပြီး ကျန်းမာကြံ့ခိုင် သည့် ကျောင်းသားလူငယ်များဖြစ်အောင် အတန်းပညာထူးချွန်သည့် ကျောင်းသား/သူဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံတော်၏ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ၊ဒုတိယဦးစီးမှူး ဒေါ်ညောင်ဆန်းနဲမ်းက ကျောင်းသားလူငယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုခြင်း၊စာအုပ်များကို အခမဲ့ငှားရမ်းဖတ်ရှု နိုင် ကြောင်း ၊ကျောင်းစာအပြင် ပြင်ပဗဟုသုတများကို ငယ်ရွယ်စဉ်ကတည်းက လေ့လာ ဆည်းပူးထား ပါက ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသားသူများဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဟောပြောကြသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးမန်ခန့်လာလ်က သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကငှားရမ်းပေးသည့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာဖတ်ရှုကြသည်။ ထို့နောက် မီးဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေကြကြောင်းသိရသည်။
ရဲမြင့်အောင်