မအူပင် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့သစ်(၇)လမ်း၊ အိမ်အမှတ် (၄၁)နေ ဦးမင်းသိန်း၏ နေအိမ်(၁)လုံး ယမန်နေ့ ည (၇)နာရီ(၄၅)မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်းကျွမ်းမှုမှာ ဘုရားမီးပူဇော်ထားသော လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ ဘုရားကျောင်းဆောင်သို့ မီးကူးစက်လောင် ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ရှိ ဘုရားကျောင်းဆောင်နှင့် အခင်းပျဉ်များ၊ အမိုးများ မီးလောင်ကျွမ်းခဲ့ရ သည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးဌေး ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေယာဉ် (၁)စီး၊ ရပ်ကွက်နေ ပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးတို့ဖြင့် မီးငြှိမ်းသတ် ခဲ့ရာ ည(၈)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည(၈)နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)