မြိတ် နိုဝင်ဘာ ၄
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့တွင် တိုင်းဒေသကြီးအဆင့် (၂၀၂၃) ခုနှစ် အခြေခံပညာအထက်တန်း အဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကို မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့သည်။
အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အရည်အသွေး မြင့်မားစေရန်အတွက် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးအဆင့်အတန်း မြင့်မားအောင် နိုင်ငံတော်အနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ အခြေခံ ပညာရေးကို သူငယ်တန်းပညာရေးပြီးနောက် ပညာသင်နှစ် စုစုပေါင်းကာလ (၁၂)နှစ်သို့ ဦးတည်ဆောင် ရွက်သွားရာ ပြဌာန်းချက်အရ KG+12 ပညာရေးစနစ်သည် အလွတ်ကျက်မှတ်သော ပညာရေး မဟုတ်ပဲ (၂၁) ရာစု ကျွမ်းကျင်မှု၊ ဗလငါးတန်ဖွံဖြိုးမှုများအား လက်တွေ့လုပ်ဆောင်မှုမှရရှိသော ကိုယ်တိုင်သင်ယူ မှုစနစ်တွေနှင့် သင်ကြား၊ သင်ယူရတာဖြစ်၍ တွေးခေါ်၊ သုံးသပ်၊ တီထွင်တတ်သော အလေ့အကျင့်များ ရရှိကာ ဘဝတွက်တာတွင် အသုံးချနိုင်သည်အထိ ကျွမ်းကျင်လာစေမည့် ပညာရေးစနစ်သစ်ဖြစ်ခြင်း ကလေးများကို အာရုံငါးပါးနှင့် ထိတွေ့သင်ယူစေသော သင်နည်းစနစ်ဖြစ်၍ သင်ထောက်ကူပစ္စည်းများ အသုံးချသင်ကြားနိုင်မှုသည် အလွန်အရေးကြီးပါသဖြင့် ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးကို ရှင်းလင်းတင်ပြကာ မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို မြိတ်တက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များကိုကျွမ်းကျင်သော ပါမောက္ခ၊ ကထိက(၁၀)ဦးက ဦးဆောင်ဆွေးနွေး၍ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်မှ အခြေခံပညာအထက်တန်း အဆင့်သင် ဆရာ/ဆရာမ (၂၂၈)ဦးက တတ်ရောက်ပြီး ဆွေးနွေးပွဲ ကာလကို နိုဝင်ဘာ (၄) ရက်မှ (၅) ရက်နေ့အထိ (၂) ရက်တာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မေသန္တာအောင် (ပြန်/ဆက် )