ဟင်္သာတ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဟင်္သာခန်းမ၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်း ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး ပြိုင်ပွဲနှစ်မျိုး ကျင်းပခဲ့ပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသား (၁၀)သင်း၊ အမျိုးသမီး (၃)သင်း စုစုပေါင်း ပြိုင်ပွဲဝင် အသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်ရိုက် စသည့် အားကစားနည်းများကိုလည်းကောင်း၊ သင်္ချာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကိုလည်း မြို့နယ်အဆင့် လူရွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)