ဖောင်းပြင် နိုဝင်ဘာ ၃
ပြည်သူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုနှင့်အတူ ဖောင်းပြင်မြို့နယ် အထွေထွေအုပ် ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား စားအုန်းဆီ တစ်ပိဿာလျှင် ၉၀၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျွန်းရွှေဝါရပ်ကွက်ရှိ အိမ်ထောင်စု ၅၅၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာ လူမျိုးမရွေး၊ ဘာသာမရွေး အိမ်ထောင်စုတစ်စုလျင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးသည်။ ယနေ့အထိ စားအုန်းဆီပေပါပေါင်း ၂၈ လုံးမှ ပိဿာချိန်ပေါင်း ၃၀၈၀ကို ရောင်းချပေးထားပြီး ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၏ ဒေသပေါက်ဈေးအရ ကုန်စုံဆိုင်များနှင့် အခြားဈေးဆိုင်များ၌ ဝယ်ယူ စားသုံးပါက စားအုန်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် ၁၉၀၀၀ကျပ် ဈေးနှုန်းရှိကြောင်း ဝယ်ယူစားသုံးသူထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)