စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တက်ရောက်

မုံရွာ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး (၅/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ဒေသတည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် တာဝန်ရှိများအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများသည် ပြည်သူများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံကာ ပြည်သူလူထုမှ အားကိုးသည့် နိုင်ငံ့ ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း၊  ပြည်သူများ စားရေရိက္ခာ ဖူလုံပြည့်ဝစေရေး အတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ် ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ရိတ်သိမ်းမှုများတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ၎င်းမြေနေရာ များတွင် သီးထပ်စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် စားရေရိက္ခာ ဆန်၊ ဆီ၊ ပဲ ဖူလုံမှု ရှိသကဲ့သို့ ခရိုင်/ မြို့နယ်များအလိုက်လည်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွား မြှင့်တင်ရေး မြှင့်တင်ရေး ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  မိမိတို့ တိုင်းဒေသကြီးရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသုံးဆီများနှင့် အခြေခံစားသောက်ကုန်များအား ဈေးများနှင့် ရပ်ကွက် များအတွင်း ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည် အသွေးကောင်းမွန်၍ စံချိန်စံညွှန်းမီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးအောင် တာဝန်ရှိသူများမှ မြေပြင်အထိ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများအား ပြည့်မီစွာ ကောက်ခံရရှိရေး အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ MSMEs လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                           

တိုင်းဒေသကြီး (ပြန်/ဆက်)