ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှု ဆောင်ရွက်ပေး

ဟုမ္မလင်း နိုဝင်ဘာလ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန့်မဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း​​ ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကူးဆရာဝန် ဒေါက်တာမင်းဇော်အောင်၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ   စုစုပေါင်း (၁၄၅) ဦးအား အခမဲ့ စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ်တွင် ကျန်းမာရေးစစ်ဆေးမှု မခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအ​နေ​ဖြင့်​ ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း ပြန်/ဆက်