မြောင်းမြ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းနှင့် ဘောလီဘောအားကစား ပြိုင်ပွဲများကို မြောင်းမြမြို့၊ အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၈:၀၀) အချိန်က စတင်ဖွင့်လှစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး မြောင်းမြမြို့နယ် တာဝန်ခံပညာရေးမှူး ဆရာကြီးဦးဇာနည်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ပွဲစဉ် (၁) အဖြစ် အ.ထ.က (၂) ကျောင်းနှင့် အ.ထ.က (ခွဲ) မဲကျော်ကျောင်းတို့ ဆက်လက် ယှဉ်ပြိုင်ကြရာ အ.ထ.က (ခွဲ) မဲကျော် ကျောင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၂) ကျောင်းမှ အားကစားသမား စုစုပေါင်း (၆၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုဝင်ဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ကျောင်းပေါင်း (၇) ကျောင်းမှ အားကစားသမား စုစုပေါင်း (၅၆)ဦးနှင့် အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ လူရွေးပွဲအတွက် စုစုပေါင်း (၁၅) ဦးတို့သည် မြောင်းမြမြို့၊ အ.ထ.က (၆) ကျောင်း၌ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုင်ဝင်ဘာလ (၆) ရက်နေ့အထိ ယှဉ်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)