ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာ၍ မြို့အင်္ဂါရပ်နှင့်အညီ ညီညွတ်တင့်တယ်စေရန်အတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာမြက်ရှင်းခြင်း၊ အပင်ကြီးများအား ကိုင်းရှင်းခြင်း၊ အလင်းဖွင့်ခြင်း၊ ထုံးဆေးသုတ်ခြင်း၊ မြို့ဝင်ဆိုင်းဘုတ်နှင့် ပန်းခုံများ၊ ကတ်တုံးများဆေးသုတ်ခြင်းနှင့် ရုံးခြံစည်းရိုး ဆေးသုတ်ခြင်းလုပ်ငန်းများအား အစဥ်တစိုက် ဆောင်ရွက်လျက်ရှိပြီး မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)