ငါးသိုင်းချောင်း နိုဝင်ဘာ ၃
ငါးသိုင်းချောင်း မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ က မိခင်နှင့်ကလေး စောင့်ရှောက်ရေးဆေးခန်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျ ဆရာမများက မွေးစမှ အသက်(၁)နှစ်ခွဲ အောက်ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ပြင်းထန်အဆုတ်ရောင် (ပီစီဘီ)၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီ ရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယို ရောဂါများကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်းတို့ ကို ရပ်ကွက်/ကျေးရွာ များအလိုက်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)