ရွှေဘိုမြို့တွင် အ​​ခြေခံပညာကျောင်း​ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် မြို့နယ်အဆင့်လူရွေးပွဲပြုလုပ်

​ရွှေဘို နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် အားကစားလေ့​ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်မှစ၍ အ.ထ.က (၃) နှင့်အ.ထ.က(၄)တို့၌ ကျင်းပဆောင်ရွက်ခဲ့သည်။

လူရွေးပွဲတွင် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများက ​ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်စသည့် အားကစားနည်းများဖြင့် ယှဉ်ပြိုင်လျက်ရှိရာ ခရိုင်/မြို့နယ်ပညာမှတာဝန်ရှိသူများ၊​ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည်၊ ခရိုင်အဆင့်တွင်​ထပ်မံရွေးချယ်ခံပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)