မော်လိုက် အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအပါအဝင် ထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျော့ချရေး မဟာဗျူဟာ (၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်က မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှုခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့်အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ NGOအဖွဲ့များနှင့် ရပ်မိရပ်ဖများက မော်လိုက်ခရိုင်အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်နေမှု မရှိသည့်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် အသီးသီးညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)