ကျွန်းလှ၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး

ကျွန်းလှ ‌နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများကို လစဉ် ထိုးနှံတိုက်ကျွေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက အသက် တစ်နှစ်ခွဲအောက် ကလေးငယ် များအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီစနစ်တကျ ထိုးနှံတိုက်ကျွေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ