စစ်ကိုင်း နိုဝင်ဘာ ၃
စစ်ကိုင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲများကို နိုဝင်ဘာ(၃)ရက်မှစ၍ စစ်ကိုင်းမြို့မဘော့လုံးကွင်းနှင့် အားကစားခန်းမအတွင်း စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
“စစ်ကိုင်းမြို့နယ် ကျောင်းသားအားကစားပြိုင်ပွဲများကို ယနေ့မှာစတင်ယှဉ်ပြိုင်ကစားခဲ့ပါတယ် အမျိုးသားဘော့လုံးအသင်းပြိုင်ပွဲကိုတော့ မြို့မဘော့လုံးကွင်းထဲမှာ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းနဲ့ ပါရမီအခြေခံပညာအလယ်တန်းကျောင်းခွဲတို့ စတင်ယှဉ်ပြိုင်ပြီး မြို့မအားကစားခန်းမ ထဲမှာတော့ အမျိုးသားဘော်လီဘောအသင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနဲ့ ရန်နိုင်အခြေခံပညာအထက်တန်းကျောင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ပြိုင်ပွဲတွေအနေနဲ့ကတော့ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပြစ် ပြိုင်ပွဲတွေပဲဖြစ်ပါတယ်”ဟု မြိုနယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
အဆိုပါကျောင်းသားအားကစားပြိုင်ပွဲများကို နိုဝင်ဘာ(၃)ရက်နေ့မှစ၍ နိုဝင်ဘာ(၉)ရက်နေ့အထိ စစ်ကိုင်းမြို့မအားကစားကွင်းနှင့် နှစ်(၇၀၀)ကွင်းတို့တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်မြင့်နိုင်