ကန်ကြီးထောင့် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဒါးကမြို့မစျေးသစ်တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက မီးသတ်ဆေးဗူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်း၊ မီငြိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဒါးကမြို့မစျေးကော်မတီဝင်များနှင့် စျေးသူစျေးသားများအား လက်တွေ့သရုပ်ပြသ လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)