(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်

​ရွှေဘို နိုဝင်ဘာ 

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ​ရွှေဘိုခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့၊ နံနက် ၈ နာရီအချိန်က ​ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းရာသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီ​အောင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​ဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ငှက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သွေးလှူဒါန်းရာတွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း(၁၅) ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက သွေးလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်