ကျောင်းကုန်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမျိုးသား/အမျိုးသမီးကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်ရိုက် အားကစားနည်းများကိုလည်း မြို့နယ်အဆင့် လူရွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)