ဒေးဒရဲ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးရှိ ဦးစီးအရာရှိ ဦးနိုင်ဦးလှိုင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား (Biometric Data) များ ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ် ဇွန်လ ၂၆ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏာန်း ၁၀လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် နိုဝင်ဘာလ ၂ရက်နေ့အထိ ကျား(၃၂၁၀)ဦး၊ မ(၃၀၃၇)ဦး စုစုပေါင်း (၆၂၄၇)ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ဝာာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အေဇာလင်း