ငပုတောမြို့၌ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းနားကျင်းပ

ငပုတော နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ငပုတောမြို့နယ်အတွက် မြို့နယ်ဂုဏ်ဆောင်ဆုတံဆိပ်များ ရယူပေးနိုင်သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာတို့၏ ရိုးရာအနုပညာရပ်များကို ယခုလိုရိုးရာယဥ်ကျေးမှုအနုပညာရပ်များကိုကျင်းပ၍ စောင့်ရှောင့်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားရေးဂုဏ်သိက္ခာကို မြင့်မားထည်ဝါစေမှာဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားယဥ်ကျေးမှု ဓလေ့ထုံးတန်းအစဥ်အလာများကို ကိုပိုမိုအားပြည့်ခိုင်မာလာစေရန် နောင်နှစ်တွင်လဲ မြို့နယ်ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြရန်နှင့် မိမိတိုင်းဒေသကြီး၊ မိမိမြို့နယ်၏ ဂုဏ်ကို မြင့်တင်ပေးကြပါရန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်တွင် ဆုရရှိသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)